http://www.infracoasia.com
InfraCo Asia အကြောင်း

InfraCo Asia သည် စီမံရန်ခက်ခဲသည့် အဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် ကနဦးပံ့ပိုးမှုများ ပေးဆောင်ပြီး၊ စီမံကိန်းအတွက် ရှယ်ယာတန်ဖိုးထည့်ဝင်ကာ လူမှုအသိုင်းအ၀ိုင်းအတွက် အကျိုးဖြစ်ထွန်းစေရန်နှင့် စီးပွားရေးဖြစ်ထွန်းစေမည့် အဆောက်အအုံစီမံကိန်းများကို အထူးပြုဆောင်ရွက်နေခြင်းဖြစ်ပါသည်။ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းစဉ် တစ်လျှောက်တွင် စီမံခန့်ခွဲမှုအပိုင်းနှင့် လုပ်ငန်းလွဲချော်မှု မရှိစေရေးဦးထိပ်ထားက ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့မည့် အဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ရန်ဖြစ်ပါသည်။ InfraCo Asia ၏ ရည်ရွက်ချက်သည် စီးပွားဖြစ်ထွန်းပြီး ရေရှည်တည်တံ့မည့် အဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံအတွင်း စီးပွားရေးနှင့် လူနေမှု ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေရန်ဖြစ်ပါသည်။

InfraCo Asia သည် Private Infrastructure Development Group ၏ ကုမ္ပဏီတစ်ခုဖြစ်ပါသည်။


InfraCo Asia သည် အောက်ပါလိုအပ်ချက်မူများနှင့် ကိုက်ညီသည့် စီမံကိန်းများကို ရွေးချယ်ခြင်းဖြစ်သည်။

ဖြည့်စွက်ချက်

ပုဂ္ဂလိကအကောင်အထည်ဖော်သူများမှ ကြိုတင်ကုန်ကျငွေနှင့် အဆုံးအရှုံးများကို သူတို့ကိုယ်တိုင် ပေးဆောင်ရန်ပျက်ကွက်ခြင်း (သို့) မပေးနိုင်သည့် စီမံကိန်းများ။

ဖွံ့ဖြိုးတိုးတက်မှု ထိရောက်မှု

စီမံကိန်းသည် ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများရရှိစေမည့်အပြင်၊ လူမှုရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာအတွက် အကျိုးဖြစ်ထွန်းစေရမည်ဖြစ်ပါသည်။

စီးပွားဖြစ်ထွန်းနိုင်ခြင်း

စီမံကိန်းသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာစေရန် စီးပွားဖြစ်ထွန်းမည့် စီမံကိန်းဖြစ်ရပါမည်။ (ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန်နှင့် IAD ၏ရှယ်ယာတန်ဖိုးကို ရောင်းချခြင်းဖြင့် ပြန်လည်ရရှိစေမည်ဖြစ်ပါသည်။


http://www.pidg.org

PIDG အကြောင်း

Private Infrastructure Development Groupကို ၂၀၀၂ တွင် တည်ထောင်ထားပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးနှင့် ဆင်းရဲမွဲတေမှုလျော့ချရန်အလို့ငှာ အဆောက်အအုံရရှိစေရန် ပုဂ္ဂလိကဆိုင်ရာ ရင်းနှီးမြှုပ်နှံများအတွက် ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ InfraCo Asiaကို လက်ရှိအချိန်တွင် PIDG၏ အဖွဲ့ဝင်(၃)ခုဖြစ်သော Australian Department of Foreign Affairs and Trade (DFAT)၊ Swiess State Secretariat for Economic Affairs (SECO)နှင့် UK Department for Intenational Development (DFID)တို့မှ ငွေကြေးထောက်ပံ့ပေးနေခြင်း ဖြစ်ပါသည်။


https://www.gov.uk/government/world/organisations/dfid-burma
UKAid အကြောင်း UKAid သည် InfraCo Asia ၏ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် လက်ရှိထောက်ပံ့ပေးသူဖြစ်ပါသည်။